ကျောင်းသားတစ်ယောက် ကျောင်းနောက်ကျသဖြင့် ဆရာမကမေးမြန်းရာ -
``ကျွန်တော် အိမ်ကစောစောထွက်ခဲ့ပါတယ်´´
``ဒါဆို ဘာလို့ဒီအချိန်မှရောက်ရတာလဲ´´
``ကျောင်းရှိသည် ဖြည်းဖြည်းဆိုတဲ့ဆိုင်းဘုတ်ကိုဖတ်ပြီး အေးအေးဆေးဆေးလျှောက်လာလို့ပါဆရာမ´´
Myanmar ဟာသတိုလေးများ
နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝထဲမှ ရယ်စရာလေးများနဲ့ ကြားဖူးနားဝ ရယ်စရာလေးများကို စုစည်းပေးထားပါတယ် ပျော်ရွှင်ရယ်မောနိုင်ကြပါစေ
H
a
v
e
a
n
i
c
e
d
a
y
!
နားသောတဆင်တော်မူကြပါခင်ဗျား။

Saturday, January 21, 2012
လုပ်ထုံးလုပ်နည်း
ဆေးရုံကြီးတစ်ရုံ၏ ဆေးရုံအုပ်ကြီးမှ နောက်ဆုံးနှစ်ဆေးကျောင်းသားများကို
သင်ခန်းစာများပို့ချလျက်ရှိသည်။
``နောက်ဆုံးမေးခွန်းတစ်ခုပဲမေးတော့မယ်။ အဲဒါက လူနာတစ်ယောက်ကို
ကုတော့မယ်ဆိုရင် ပထမဆုံး ဘာကိုအရင်လုပ်ရမလဲ´´
ကျောင်းသူတစ်ဦးကချက်ချင်းထ၍ -
``ဟုတ်ကဲ့ပါဆရာ ပထမဆုံးလုပ်ရမှာက လူနာရဲ့အိတ်ထဲမှာ ပိုက်ဆံ
ဘယ်လောက်ပါသလဲဆိုတာ ကြည့်ဖို့ပါပဲ´´ ဟုဖြေကြားလိုက်သည်။

ကျွန်မလုပ်ရပ်က
လင်မယားနှစ်ယောက် စကားများကြသည်။ ဇနီးသည်မှာ အပေါ်ထပ်မှာ
ဒေါသဖြစ်ပြီးကျန်ရစ်ခဲ့၏။ မကြာမီ လက်ဆွဲသေတ္တာတစ်လုံးကိုဆွဲ၍ မနိုင်မနင်း
ဆင်းလာသည်။ ယောင်္ကျားကကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောလေသည်။
``ရှင် အခုရယ်ထားဦးပေါ့´´
``ကျွန်မအိမ်ပေါ်ကဆင်းလာတာမဟုတ်ဘူး´´
``ဒါဆို သည်သေတ္တာက´´
``အဲဒါ ကျွန်မအမေကို အတူတူနေရအောင်သွားခေါ်မလို့ ဒီသေတ္တာကို
အမေ့အ၀တ်အစားထည့်ဖို့ယူသွားမှာ ဟင်း´´

မှားနေပါတယ်
ရထားတစ်စီးပေါ်သို့ လက်မှတ်စစ်တစ်ဦးတက်လာသည်။
ခရီးသည်များအား လက်မှတ်စစ်စဉ် ``ကျေးဇူးပြုပြီး ရှေ့ဘူတာ
ရောက်ရင် ခရီးသည်များအားလုံးဆင်းပေးကြပါ။ လူကြီးမင်းတို့
ရထားမှားစီးလာပါတယ်´´
ထိုအခါ ခရီးသည်အားလုံးက အံအားသင့်စွာ တစ်ယေက်
ကိုတစ်ယောက် ကြည့်ရှုနေမိကြသည်။ ရှေ့ဘူတာသို့ ရထား
ဆိုက်သည့်အခါ ထိုလက်မှတ်စစ်က ဦးစွာဆင်းသွားပြီး ပြောလိုက်
သည်မှာကား . . . .
``ခွင့်လွှတ်ပါခင်ဗျာ။ ကျွန်တော် ရထားမှားပြီး လက်မှတ်
လာစစ်မိလို့ပါ´´

ကွန်ပျူတာ၏အဖြေ
သိပ္ပံပညာရှင်အဖွဲ့မှာ ကွန်ပျူတာသစ်တစ်လုံးကို တီထွင်ခဲ့သည်။
မေးခွန်းပေါင်းများစွာကို ငါးစက္ကန့်အတွင်းဖြေဆိုနိုင်သည်။ ရာထောင်ချီ၍
မေးသော်လည်း လုံးဝမမှားပေ။
ကွန်ပျူတာလွှဲအပ်ပွဲကို အခမ်းအနားနှင့်ပြုလုပ်၏။ ထိုအခမ်း
အနားသို့ နိုင်ငံခေါင်းဆောင်တစ်ဦးက စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပြီးနောက်
ကွန်ပျူတာကို -
``ကမ္ဘာကြီးဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ´´ဟုမေးလိုက်သည်။
ကွန်ပျူတာ၏အဖြေမှာ -
``ကမ္ဘာဦးကျမ်းစာ၌ဖတ်ရန်´´ ဟူ၏။

Subscribe to:
Posts (Atom)