လင်မယားနှစ်ယောက် စကားများကြသည်။ ဇနီးသည်မှာ အပေါ်ထပ်မှာ
ဒေါသဖြစ်ပြီးကျန်ရစ်ခဲ့၏။ မကြာမီ လက်ဆွဲသေတ္တာတစ်လုံးကိုဆွဲ၍ မနိုင်မနင်း
ဆင်းလာသည်။ ယောင်္ကျားကကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောလေသည်။
``ရှင် အခုရယ်ထားဦးပေါ့´´
``ကျွန်မအိမ်ပေါ်ကဆင်းလာတာမဟုတ်ဘူး´´
``ဒါဆို သည်သေတ္တာက´´
``အဲဒါ ကျွန်မအမေကို အတူတူနေရအောင်သွားခေါ်မလို့ ဒီသေတ္တာကို
အမေ့အ၀တ်အစားထည့်ဖို့ယူသွားမှာ ဟင်း´´
No comments:
Post a Comment